-------------------------------------
Book Summary App တွေကို တော်တော်များများ အသုံးချမှုများ လာတာကိုတွေ့နေရပါတယ်ဗျ
Book Summary Application တွေကစာဖတ်သူများအတွက် အဓိက အကျိုးကျေးဇူးတစ်ခုကတော့ နေရာတိုင်းမှာ စာဖတ်လို့ရသွားတယ်လို့ဆိုရမယ်။ စာအုပ်တစ်အုပ်၏အနှစ်ချုပ်ကိုရဖို့ ဒါမှမဟုတ် အကြောင်းအရာတစ်ခုကိုသိဖို့ စာမျက်နှာရာနှင့်ချီသော စာသားများကို ဖြတ်ကျော်ဖို့မလိုတော့ဘူးပေါ့ဗျာ
Book Summary Application တွေက ကျနော်တို့ကို အချိန်အပိုင်းအခြားတစ်ခုအတွင်းမှာ လိုအပ်သော အရေးကြီးသော အချက်အလက်တွေကို ပေးစွမ်းနိုင်တော့ တိုတိုနှင့် ဖတ်ရလွယ်ကူတာပေါ့ဗျာ
ဒါပေမယ့်အားနည်းချက်တွေလဲရှိပါတယ် ဒီ Post မှာတော့ Book Summary Application တွေကို ဘာကြောင့် သုံးသင်သလဲ မသုံးသင့်သလဲကို လေ့လာကြည့်ရအောင်ဗျ
Book Summary Application တွေက
Book Summary Application တွေကို အသုံးပြုရာတွင်ကျိုးကျေးဇူးများစွာရှိသော်လည်း ၎င်းတို့ကို အသုံးမပြုမီ ထည့်သွင်းစဉ်းစားသင့်သည့် အားနည်းချက်အချို့လည်း ရှိပါသည်။
Book Summary Application တွေက စာအုပ်များကို အပြည့်အစုံဖတ်ရန် အချိန်မရှိသော အလုပ်များသောစာဖတ်သူများအတွက် မယုံနိုင်လောက်အောင် အထောက်အကူဖြစ်နိုင်သော်လည်း သင့်အား လိုအပ်သောအသေးစိတ်အချက်အလက်များကိုသာပေးစွမ်းနိုင်သည်
ထို့အပြင်၊ ၎င်းတို့အပေါ် အလွန်အမင်း အားကိုးခြင်းသည် သင့်ကိုယ်ပိုင် နှစ်သက်ရာ စာအုပ်ဖတ်တဲ့ အလေ့အထကိုလဲ ပျောက်ကွယ်သွားနိုင်တာမို့ တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း အချင့်အချိန်လေးနဲ့ အားကိုဖို့ပြောချင်ပါယ်ခင်ဗျာ
------------------------------
ကျနော့်အနေနဲ့ကတော့ စာအုပ်တွေကိုမဝယ်ခင်မှာ စာအုပ်ထဲမှာပါတာတွေက ကိုယ်စိတ်ဝင်စားလောက်လားလို့ လေ့လာတဲ့ အနေနဲ့ ကျနော် book summary တွေကို နားထောင်လေ့ရှိပါတယ်
တစ်ခါတစ်လေမှာတော့ ကျနော် မဖတ့်ဖြစ်လောက်တဲ့ စာအုပ်အမျိုးအစားတွေကို မြည်းစမ်းကြည့်တဲ့ အနေနဲ့ လဲကျနော်အသုံးပြုကြည့်ပါတယ်ခင်ဗျ
အဲ့လိုတွေနားထောင်ပြီးသွားရင်ကျ ကျနော်က စာအုပ်တွေကိုဝယ်ပါတယ် ကျနော်က physical စာအုပ်ကို ပိုခုံမင်တဲ့လူထဲမှာပါတယ် စာအုပ်တောင်မှ Hard Cover တွေဝယ်ဖြစ်တာများတယ် (စျေးလဲပိုကြီးတာပေါ့ဗျာ)
စာအုပ်တွေကို နားထောင်ပြီးသား၊ Ebook အနေနဲလဲဖတ်ပြီးသားကို ဘာလို့ထပ်ပြီးဝယ်ရသလဲဆိုရင်တော့ စာရေးဆရာတွေကို ကူညီချင်လို့ပါ
သူတို့ ကိုယ်စွမ်း ဉာဏ်စွမ်းတွေထုတ်ပြီး ရေးထားရတဲ့ အားအင်တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ နောက်တစ်ခုကတော့ စာအုပ်ရောင်းလို့ရတဲ့ ဝင်ငွေရစေချင်တဲ့အတွက် origianl စာအုပ်တွေကို ကျနော် ဝယ်လေ့ရှိပါတယ်
ကျနော်နှစ်နဲ့ချိန်ပြီး သုံးလာခဲ့တဲ့ Book Summary App ကတော့ Story Shots လို့ခေါ်ပါတယ်ဗျ
အသုံးပြုကြည့်ချင်ရင် ဒီမှာ သွားရောက်လေ့လာကြည့်ပါ -> https://www.getstoryshots.com
အဲ့ဒါကတော့ english လိုပေါ့နော်....
မြန်မာလို အတွက်ကတော့ လွန်ခဲ့တဲ့ သုံးလလောက်က Ma Phyo Phyo Aung နဲ့ စကားပြောကြည့်ရင်းနဲ့ သူ့ရဲ့ ShweNote Application ကို အသုံးပြုဖို့အတွက် ၆လစာ gift card လေးရခဲ့ပါတယ် သုံကြည့်တော့ မဆိုးပါဘူးဗျ
ကျနော်သုံးတာတော့ ဒီနေ့ဆို ၃လပြည့်ပါပြီခင်ဗျာ
အသုံးပြုကြည့်ချင်ရင် ဒီမှာ သွားရောက်လေ့လာကြည့်ပါ ->
အသံ Quality ကောင်းတယ် နားထောင်ရတာအဆင်ပြေပါတယ် မအားတဲ့ ကြားကသွားရင်းလာရင်း နာထောင်မယ်ဆို့ရင် အဆင်ပြေပါတယ် မြန်မာလိုဆိုတော့ မိခင်ဘာသာစကားဖြစ်တော့ english လိုနားထောင်တာလောက်တော့ အားသိပ်မစိုက်ရတော့ဘူးပေါ့ဗျာ
ကဲ Post လဲတော်တော်ရှည်နေပြီဆိုတော့ လောလောဆယ်တော့ ဒီလောက်ပါပဲခင်ဗျာ
အချိန်ကို အကျိုးရှိစွာ အသုံးချရင်း စာဖတ်ချစ်သူတွေဖြစ်ကြပါစေ
မူရင်းစာအုပ်တွေကို ဝယ်ဖတ်ရင်းနဲ့ ချစ်ရတဲ့ စာရေးသူတွေကို Support လုပ်နိုင်တဲ့ သူများလဲ ဖြစ်ကြပါစေဗျာ
စေတနာများစွားဖြင့်
La Pyae 💛