ကျနော်ကောင်းကောင်းမှတ်မိသေးတယ်ဗျ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ
တစ်ကြိမ်တစ်ခါတောင် မမြင်ဖူးတဲ့ လူတစ်ယောက်က ကျနော့်ကို
clubhouse ကိုသုံးခွင့်ရဖို့ Invitation ကို ပေးခဲ့တယ်
(ခုလို ဖုန်းနံပတ်ထည့်လိုက်တာနဲ့ သုံးမရသေးတုန်းကပေါ့ဗျာ )
ပထမဆုံးရောက်လာခဲ့တဲ့ မဟာရည်ရွယ်ချက်ကတော့
Chris Do လုပ်တဲ့ live event တွေကိုဝင်ရောက်ပါဝင်ဖို့ပါပဲ
ဒါပေမယ့် မြန်မာပီပီ ဒီပေါ်မှာရော မြန်မာတွေရောက်နေမလားဆိုပြီး
Search bar ထဲမှာ မဝင့်မရဲနဲ့ “Myanmar” လို့ရိုက်ရှာကြည့်လိုက်ပါတယ်
မထင်ထားပဲ club တွေရော လူအချို့ကိုရောတွေ့တယ်ဗျ
သိပ်ကို အံအြလွန်းလို့ ဘယ်အချိန်အဲ့လူတွေ စကားပြောမှာလဲလို့ စောင့်နေခဲ့မိတယ်
သိပ်မကြာလိုက်ပါဘူးဗျ သူတို့ပြောတာသွားနားထောင်ရင်းနဲ့
ကိုလပြည့် ကျနော်တို့ နဲ့ စကားပြောပါ လို့ ဖိတ်ခေါ်တာကို ခံခဲ့ရတယ်
introvert တစ်ယောက်အနေနဲ့ သူစိမ်းတွေနဲ့ စကားပြောရမယ်ဆိုတော့
ရင်ဘတ်ထဲမှာ ကုလားဘုရားပွဲ လှည့်သလိုပဲဲ “ဒိန်းတတ်တက် ဒိန်းတတ်တက်” နဲ့ ပေါ့ဗျာ
အာခေါင်တွေလဲ ခြောက် အသံတွေလဲ တုန်နဲ့
စကားပြောလိုက်ရင်လဲ ဘုနဲ့ ဘောက်
အပြောအဆိုက ဂွကျကျ ရှေ့မကြည့် နောက်မကြည့်နဲ့
ပြောချလိုက်ရင် စကားလုံးတွေက သူများကို
တင်းပုတ်ကြီးနဲ့ ထုချလိုက်သလို
လေးလေးပင်ပင်ကြီးတွေ
အဲ့အချိန်မှာ ကျနော်စဉ်းစားတယ် ငါဘာလို့ ကြောက်နေတာလဲ
ဘာတွေက ငါ့ကို ဒီလို ဖြစ်အောင်ဖိအားပေးနေတာလဲပေါ့
၂ ပတ်လောက်အဲ့ အဖြေကို ရဖို့ စဉ်းစားလိုက်ရတယ်ဗျ
တရားခံလဲ ရှာတွေ့သွားတယ်
ဖိအားပေးတဲ့ သူက တခြားလူမဟုတ်ဘူး
ကိုယ်ရဲ့ အရာရာကို အကောင်းဆုံးပြီးမြောက်ချင်တဲ့ စိတ် perfectionist နဲ့
ခေါင်းထဲမှ့ာပဲစကားတွေများကြီးပြောပြောနေတဲ့ introversion
အဲ့မှာပဲ ကမ္ဘာ့ အဆိပ်အပျင်းဆုံး combination နှစ်ခုကို သွားတွေ့တယ်
လူကြောက်တာကို introvert လို့ ထင်မနေပါနဲ့
လူတွေနဲ့ စကားပြောရတာ အားကုန်တာကို introvert လို့ခေါ်တာဗျ
ကြောက်တာတော့ မဟုတ်ဘူး
introvert သီးသန့်ကပြဿနာမရှိပါဘူး အေးဆေးနေတဲ့ လူလို့ ထင်ရတယ်
ကောင်းတဲ့အချက်ကတော့ ကိုယ့်ခေါင်းထဲမှာကိုယ်နဲ့ စကားပြောရမယ့်လူရှိနေတော့
မေးခွန်းတွေမေး အဖြေတွေရှာလို့ သိပ်ကောင်းတာပေါ့်ဗျာ
Perfectionist ဆိုတာ အမှားမရှိချင်တဲ့သူမျိုးလို့ လူတွေကထင်ကြတယ်
တကယ်တော့ ကိုယ်စောက်သုံးမကျတာကို သူများက မြင်သွားမှာဆိုးရိမ်တာပါဗျာ
ဘယ်နားလေးမှာ မှားနေတယ် လွဲနေတယ် မဟုတ်ဘူးလို့ ပြောခံရတယ်
အဲ့နေရာမှာတင် ခဏလောက် အသက်မရှိသလို ဖြစ်သွားတတ်တာ perfectionist တွေရဲ့ အကျင့်ပေါ့ဗျာ
ကောင်းတဲ့ အချက်ကတော့ အပြောမခံရအောင်
စေ့စေ့စပ်စပ်လုပ် တတ်တဲ့သူတွေအနေနဲ့တော့ သူတို့က နာမည်ကြီးကြတယ်ဗျ
အဲ့မှာ စတွေ့တော့တာပဲလေ
စိတ်ထဲမှာရှိတာတွေကိုလဲထုတ်မပြောရဲ ပြောရင်လဲအမှားမပါအောင်
အကြီးကြီးတွေပြောတော့ လေးလေးပင်ပင်ကြီးတွေနဲ့
စကားတစ်ခွန်းပြောဖို့ ခေါင်းထဲမှာမြန့်မာစွယ်စုံကြမ်း ၃အုပ်စာလောက် စဉ်းစားပြီးမှ
ထွက်လာတဲ့ စကားလုံးက မာတိကာ စာမျက်နှာရဲ့ အောက်ခြေမှာ တပ်တဲ့ နံပတ်စဉ်လောက်ပဲ
တော်တော်ကို ဆိုးသဗျာ
ဒီလိုဆိုဝါးလှတဲ့ ရောစပ်မှု နှစ်ခုရဲ့ အဆိပ်အတောက်တွေကို ဖြေဆေးလိုက်ရှာနေတဲ့ အချိန်မှာ
Dr. Jordan B.Peterson ရဲ့ Lecture Video အတိုလေးက ကျနော့်ရဲ့ YouTube new feed မှာ
Algorithm နတ်ဘုရားမလေးက ချစ်စနိုးနဲ့ ပို့ပေးလိုက်လေသလားမသိ
တိုက်တိုက်ဆိုင်ဆိုင်ကြည့်ဖို့ ရောက်လာတယ်ဗျ
အတိုချုပ်ပြောရရင်တော့ ရှေးခေတ် ပုံပြင်တွေကို သူက လေ့လာခိုင်းတာပေါ့
နိုင်ငံတကာမှာ ဒီလိုပုံပြင်တွေရှိတတ်ကြပါတယ်
နဂါးကြီး ကရွှေတွေ အပြည့်ရှိနေတဲ့ သိုက်ထဲမှာနေတယ်ပေါ့
ဒီမှာဆို နဂါးသိုက်မှာ ရတနာတွေပေါတယ်ပေါ့ သိုက်တူးသမားတွေက
နဂါးစီကနေ ရတနာတွေ သွားယူကြမယ်ဘာညာပေါ့ဗျာ
သူကတော့ အဲ့ပုံပြင်တွေထဲက နဂါးဆိုတာတွေက
အကြောက်တရားကို ကိုယ်စားပြုတယ်လို့ ဆိုသဗျာ
နဂါးတွေက ရွှေငွေကျောက်သံပုတ္တမြားတွေကို စောက်ရှောက်နေသလိုပဲ
ကျနော်တို့ ရဲ့ အကြောက်တရားတွေရဲ့ အောက်မှာလဲ ကျနော်တို့ ရဲ့ ဘဝတွေကို
ရွှေငွေကျောက်သံပုတ္တမြားတွေရသလို ပြောင်းလဲ သွားနိုင်တဲ့
အားပျင်းတဲ့ စွမ်းအားတွေရှိပါတယ်တဲ့ဗျ
အဲ့ ဒီ video ရဲ့ အပြီးမှာပဲ ကျနော့်ရဲ့ Perfectionist + Introvertion ရဲ့
အဆိပ်ကိုပြေစေတဲ့ မဟာဖြေဆေးကြီးကို ရသွားတော့တာပဲဗျာ
ဆေးကောင်းရင် ရောဂါချက်ချင်းကောင်းဆိုသလို
ကျနော်ရဲ့ စိတ်ကူးစိတ်သန်း အသစ်တွေကလဲ
သိုက်တံခါးပွင့်သွားသလို ရတနာတွေကို ထုတ်သုံးလို့ ရလာခဲ့တယ်ဗျ
ခေါင်းထဲမှာ တွေးနေတဲ့ အတွေတွေရဲ့ စပ်ဆက်မှုကို
ကျနော့်ပါးစပ်က စကားလုံးတွေရှာပြီး ပြောဖို့ သတ္တိတွေပေါ်လာခဲ့တယ်
အဆိပ်ပြေတာနဲ့ မြင်း ဇောင်းကလွတ်သလို တရစပ်မနားတန်း မမောမပန်း
ကိုယ့်ရဲ့ ပြောနိုင်စွမ်း နားလည်နိုင်စွမ်းနဲ့ သင်ယူခဲ့တဲ့ပညာ ရခဲ့တဲ့ ဘဝအတွေအကြုံတွေကို
ခေတ်မကောင်းလို့ ဘာမှ မတတ်နိုင်ဘူးဆိုတဲ့လူငယ်တွေကို မျှဝေဖို့ အချိန်တွေ အများကြီးပေးပြီး
တစ်ပတ်ကို တစ်ခန်းအနေနဲ့ တောက်လျောက်ပြောဆိုလာနိုင်ခဲ့တယ်
နိဂုံးချုပ်ရရင်တော့ ဘာမှန်းမသိတဲ့ အရာတွေ မသေချာမှု မရေရာ မှုတွေကိုဆိုရင်
ကျနော်တို့ လူတွေက ကြောက်တတ်ကြတယ်ဗျ
စွန့်စားမှုတွေကို မလုပ်ရဲတဲ့ သူတွေက ဖြစ်လာမယ့် Result ကိုကြိုမသိရလို့
ရှေ့တိုးဖို့ မဝင်မရဲဖြစ်နေတာက နောက်ဖြစ်လာမှာတွေကို ကြိုမသိနိုင်လို့
တစ်နေရာက တစ်နေရာကို ပြောင်းရွှေ့လုပ်ကိုင်ရမှာ ကြောက်တာက
နောက်နေရာက အခုလောက်အဆင်ပြေပါ့မလာလို့ကြိုမသိနိုင်လို့
ဒီတော့ ကျနော်တို့ တွေက ကြိုသိနိုင်တဲ့ ခန့်မှန်းနိုင်တဲ့ အရာတွေပဲလုပ်နေမယ်ဆိုရင်
ပြီးခဲ့ပြီးသား pattern တွေကဘယ်လိုလုပ်ရုံးထွက်နိုင်ပါ့မလဲဗျ
ကျနော်အခု Clubhouse Masterclass တွေ
MoonBase Community မှာ သင်ကြားပေးနေတာတွေက
perfectionist နဲ့ introversion ဆိုတဲ့ နဂါးကြီး နှစ်ကောင်ကို
ခြေမှုန်းအောင်နိုင်လို့ရလာတဲ့ နဂါးသားရည် ကိုအဆင်တန်ဆာအဖြစ်ဝတ်ဆင်နေတာပဲဖြစ်တယ်ဗျ
ဒီတော့ သင်ရော ဘယ်အကြောက်တရားတွေရဲ နောက်မှာပုန်းနေသလဲ ?
ဘယ်တော့ နဂါးကြိီး ကို အနိုင်ယူပြီး ရတနာတွေကို ရယူသုံံံံံးစွဲမှာလဲ ?
Deal Books
Closing a deal room is quiet a success. If you are the one who was there. I did share about books that you should read.
Life Design
designing life is tricky, especially when designing own life. Here are the notes I took from Life Design Event