ဒါကတော့ လူသိများတဲ့ နိယာမ လို့ဆိုရမယ်ဗျ၊ သိပ္ပံမှတော့ နယူတန်က သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ်လို့ပြောခဲ့ ခရစ်ယန် မှာတော့ "Reap what you sow" ကိုယ်စိုက်တဲ့အတိုင်းပြန်ရိတ်သိမ်းရမယ်လို့ဆိုသတဲ့ ဗုဒ္ဓကတော့ ကံကံ၏အကျိုးလို့ ပြောသွားတယ်ဗျ အားလုံက အကြောင်းအရာတူတူကို ပုံစံကွဲများစွာနဲ့ ပြောပြသွားတာပါဗျ ကိုယ်လုပ်တဲ့ input သာကောင်းရင် ကောင်းသော output ရလာပါလိမ့်မယ်ခင်ဗျ
ဘဝ မှာ လူရယ်လို့ဖြစ်လာပြီဆိုရင် တစ်နေရာရာမှာတော့ ကိုယ်ကပါဝင်ပက်သက်မှု တစ်ခုခုကို အမြဲလိုလိုလုပ်နေရတာပါပဲ။ အဲ့ထဲမှာမှ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်ကျင်အတွက် အခွင့်အလမ်းကောင်းတွေ နည်းပညာကောင်းတွေ အတွေအခေါ်ကောင်းတွေ ဖန်တီးတည်ဆောင်မျှဝေပေးတဲ့သူတွေဟာ ပိုပြီးတော့ သူများတွေထက် အကျိုးကျေးဇူးခံစားရသတဲ့ဗျ ( တန်ဖိုးရှိတာတွေ ဖန်တီးပေးတော့ တန်ဖိုးရှိတာတွေပြန်ရတဲ့ သဘောပေါ့ )
သင်လုပ်ခဲ့တဲ့အရာ သင်လုပ်နေတဲ့အရာနဲ့ သင်ဖြစ်လာမယ့်အရာတွေက အမြဲလိုလိုချိန်ဆက်မှု ရှိနေပါတယ်ဗျ။ ပုံစံမတူ အကြောင်းအရာမတူ အခြေအနေမတူရင်တောင်မှ သင်ဘဝထဲက အရာရာက အလိုလိုချိတ်ဆက်မှု ရှိနေပါတယ်ဗျ
ကိစ္စတွေအပေါ်မှာ ကျနော်တို့ ကြည့်တဲ့ အမြင် တွေးတဲ့ အတွေနဲ့ ခံယူတဲ့ပုံစံကို ပြောင်းလိုက်တာနဲ့ ကျနော်ရဲ ဘ၀ဟာလဲ စတင်ပြောင်းလဲတိုးတက်လာတယ်။ ကျနော်တို့တွေဟာ အပြင်လောကကြီးမှာ ဖြစ်ပျက်နေတာတွေကို ထိန်းချုပ်လို့မရပေးမယ့် ကျနော်တို့ နေ့စဉ်လုပ်နေတဲ့ အရာတွေနဲ့ အတွေးအမြင်တွေကို ဦးစားပေးပြုပြင်ခြင်းဖြင့် တိုးတက်မှု ကို ရစေနိုင်တယ်
အတိတ်ဆိုတာ သင်ခန်းစာမယူတတ်ရင် ခဏခဏ အလည်ပြန်လာတတ်တယ်တဲ့ဗျ။ ကိုယ့်ရဲ့ အားထုတ်တဲ့ပုံစံ ကိုင်တွယ်ဖြေရှင်းပုံကို ပြောင်းလဲနိုင်မှသာ အနာဂါတ်အသစ်တွေရလာမယ်ဗျ မဟုတ်ရင်တော့ အတိတ်တွေထဲမှာ ပိတ်မိနေဦးမှာပဲ
ပြောင်းလဲမှု တိုးတက်မှု တွေဖြစ်လာဖို့အတွက် ပထမ ခြေလှမ်းကတော့ လက်ရှိကိုယ်ရဲ့ တကယ့်ဖြစ်တည်မှု အခြေအနေမှန်ကို လက်ခံဖို့ပါပဲ။ ဘာတွေက ငါ့ရဲ့ ထိန်ချုပ်မှု အောက်မှာရှိတယ် ဘယ်အရာတွေကတော့ ဖြင့်မရှိဘူး စတာတွေကို စီမံခံခွဲတတ်ပြီဆိုရင် သင်ဟာ လူသားဆန်တဲ့ လူတစ်ယောက်ဖြစ်လာနိုင်ပြီဗျ
ဘယ်လောက်ပဲမိုးမွှန်အောင်တော်နေပါစေ ကျနော်တို့ရဲ ဦးနှောက်က တစ်ကြိမ်မှာ တစ်ခုကိုသာအာရုံစိုက်နိုင်တယ်ဆိုတာ သိပ္ပဲံနည်းအရလဲ အတည်ပြုပြီးဖြစ်ပါတယ်ဗျ။ Multitasking ဆိုတာ တကယ်တော့ မရှိပါဘူးဗျ (စိတ်မကောင်းပါဘူးဗျာ)
မျှဝေမှုက အရေးကြီးတယ်များများမျှဝေရင် အကျိုးထူးတယ်ဆိုပေမယ့် ကိုယ်တိုင်ကလဲခံယူတတ်ဖို့လိုအပ်သေးတယ် မခံယူတတ်ရင် လောကကြီးက ဘာတွေပေးပေး အိတ်ပေါက်နဲ့ ဖားကောက်သလိုပဲဖြစ်နေပါလိမ့်မယ်ဗျ
စိတ်ရဲ့သဘောကိုက အတိတ်ကို ပြန်ကြည့်ပြီး ခံစားနေတတ်သလို အနာဂါတ်အတွက်လဲ တွေးပူနေတတ်ပါတယ် ဒီတော့ ပစ္စုပ္ပန်မှာနေပြီး ကောင်းသော အကျင့်နဲ့ ကောင်းသောအလုပ်များကို လုပ်ဆောင်ပြီး တိုးတက်အောင်မြင်လိုက်ပါခင်ဗျ
တစ်ခြားလူရဲတာဝန်ကို မယူရင်နေပါစေ ကိုယ့်ရဲ တစ်ကိုယ်ရေတာဝန်ကိုတော့ ကိုယ်တိုင်ယူရပါမယ် ကိုယ့်ကြောင့် သူတစ်ပါးကို ဝန်ထုတ်ဝန်ပိုးဖြစ်နေစေလို့ မကောင်းပါဘူးဗျ။ ဘာတွေပါပါသေးလဲဆိုရင်တော့ သင့်ရဲ့ထင်မြင်ချက်တွေလဲပါပါတယ် သင်ထင်နေတဲ့ သင့်ရဲ့အထင်အမြင်တွေက သင့်ရဲ့ တစ်ဦးတည်း တာဝန်သာဖြစ်လို့ လောကကြီး က ငါထင်သလိုဖြစ်ရမယ်လို့ တွေးနေရင်တော့ ကိုယ့်အမှိုက်ကို လူတိုင်းကို ရှင်းပေးဖို့တောင်းဆိုနေတာနဲ့ တူနေပါလိမ့်မယ်
တော်တော်များများက စိတ်မရှည်ဘူး အထူးသဖြင့် လုပ်ချင်စိတ်တော့ရှိတယ် လုပ်လိုက်ရင်ချက်ချင်းရတာကိုပဲလိုချင်ကြတယ် ဒီတစ်ခုကိုအောင်မြင်ဖို့အတွက် ရက် လ နှစ် တွေကြာအောင်လုပ်ရမယ်ဆိုရင် အဲ့အတွက်ကို စိတ်ရှည်ရှည်နဲ့ကိုမလုပ်နိုင်ကြဘူး။ မြန်မြန်လုပ်ပြီး မြန်မြန်ရပြီး မြန်မြန်ကျရှုံးသွားတာထက် စိတ်ရှည်ရှည်နဲ့ ကြာကြာလုပ်ပြီး အကြာကြီးတည်မြဲတာက ပိုကောင်းပါတယ် အချိန်ယူပြီး ပုံမှန်လေးလုပ်သွားပါ စိတ်ရှည်ပါဗျ
လူတွေအားလုံးကို နားလည်နိုင်ဖို့ ကိုယ့်ကိုယ်ကို အရင်ဆုံးအပြည့်အဝနားလည်ဖို့လိုတယ်။ ကိုယ့်ရဲ့လုပ်ရပ် အကျင့်နဲ့ ဆုံးဖြတ်ချက်တွေအကုန်လုံးက ဘာကြောင့်လုပ်ရတယ်ဆိုတာ ဘာလို့ငါလုပ်ခဲ့တယ် ဘာကြောင့်ဒီလိုတွေးတယ်ဆိုတာကို နားလည်လာပြီဆိုရင်သင်က မတရားကို အောင်မြင်ဖို့ အဆင်သင့်ဖြစ်နေပါပြီဗျ
How Do We Communicate Each Other
Even we talk many people, we sometimes don’t fully understand each other. That’s why communication is very important to get better understanding.
Apps to boost your productivity
This is the recommended apps to use to boost your productivity by double.